လွိုင်လင်မြို့၌ (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနား ကျင်းပပြုလုပ်

လွိုင်လင် မေ ၅

(၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် မီးသတ်စခန်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တက်ရောက်လာကြသူများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးထက်မြတ်အောင်က (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုမိန့်ခွန်း ပြောကြားပေးခဲ့ပါသည်။

ဆက်လက်၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသခြင်း၊ မီးသတ်တပ်ဖွဲ့ဝင်မိသားစုများမှ မီးငြှိမ်းသတ်ရေးစွမ်းရည် သရုပ်ပြခြင်း၊ ရောင်စုံရေပန်းအလှများဖြင့် ဂုဏ်ပြုသရုပ်ဖော် ပြသခဲ့ကြပြီး  တပ်နယ်မှူး ဗိုလ်မှူးချုပ် သန်းထွန်းအောင်မှ တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကာ ခရိုင်မီးသတ်ဦးစီးဌာနမှ ပြသထားသော ပြခန်းအတွင်း လှည့်လည် ကြည့်ရှု့ခဲ့ကြသည်။

အခမ်းအနားသို့ လွိုင်လင်တပ်နယ်မှ တပ်နယ်မှူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်ကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အယ်မင်း(လွိုင်လင်)