ရသေ့တောင် မေ ၅
ရခိုင်ပြည်နယ်၊ စစ်တွေရိုင်၊ ရသေ့တောင်မြို့နယ်တွင် ၂၀၂၃ခုနှစ်၊ မေလ (၅)ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဥက္ကဋ္ဌ ဦးနိုင်လင်းထက်က ၂၀၂၃ခုနှစ်၊ မေလ (၅)ရက်နေ့တွင် ကျရောက်သည့် (၇၇) နှစ် မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား မိန့်ခွန်းအားဖတ်ကြားခဲ့သည်။ (၇၇)နှစ်အတွင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့အနေဖြင့် ပြည်သူ လူထုအတွင်း မီးဘေးလုံခြုံရေး၊ သဘာ၀ဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စသည့် ရည်မှန်းချက် တာဝန်များကို ဦးလည်မသုန် တာဝန် ထမ်းဆောင်ခဲ့ကြသည်ကို ဂုဏ်ပြုသည့်အခမ်းအနားဖြစ်ကြောင်း သိရသည်။
ထို့နောက် (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ နေ့အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အလှူရှင်များအား ဂုဏ်ပြုမှတ်များများပေးအပ်ခဲ့သည်။ ယင်းနောက်စံပြဆုရရှိသော တပ်ဖွဲ့ဝင်များအားဂုဏ်ပြုမှတ်များပေးအပ်ပြီး စုပေါင်းအမှတ်တရဓါတ်ပုံများရိုက်ကူခဲ့ကြသည်။ ဆက်လက်ပြီးရုံး ရှေ့တွင် မီးငြှိမ်းသတ်မှုအစီးအစဥ်များအား လက်တွေ့ပြသခဲ့ကြကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)