တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပူဒဏ်အန္တရာယ် ကာကွယ်ရေးအသိပညာပေး (Talk Show) ပြုလုပ်

တာလေ မေ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် နွေရာသီကာလ ရာသီဥတုပူပြင်းလာပြီဖြစ်သည့်အတွက် အများပြည်သူများ အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သည့် အကျိုးဆက်များမဖြစ်ပေါ်စေရေးအတွက် လိုက်နာဆောင် ရွက်ရမည့်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေး(Talk Show)ပြုလုပ် ရိုက်ကူးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက အသိပညာပေး (Talk Show) ပြုလုပ်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အငယ်တန်းစာရေး ဒေါ်မေထက်ကြိုင်နှင့်အတူ သတိပြုရမည့်အပူဒဏ်အန္တရာယ်များ၊ အပူဒဏ်ကြောင့် သတိလစ်ခြင်းဖြစ်ပွားမည့် လက္ခဏာများပေါ်ပေါက်လာပါက အရေးပေါ်ရှေး ဦးပြုစုရမည့် အချက်များ၊ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ရှောင်ကြဉ်မည့်အချက်များအား အသေးစိတ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အပူဒဏ်အန္တရာယ်ကာကွယ်ရေးအသိပညာပေး (Talk Show) ဗီဒီယိုဖိုင်ကို အများ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တာလေမြို့ရုံးမှ ဖွင့်လှစ်ထားသည့် Lovely Tarlay Facebook Page တွင် လွှင့်တင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)