ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ကျိုင်းတုံ) ရုံး ဝန်ထမ်းများအား အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်

 

ကျိုင်းတုံ  အောက်တိုဘာ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ကျိုင်းတုံ) ရုံး ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါရုံး အစည်းအဝေး ခန်းမ၌ ပေးအပ်သည်။

ပေးအပ်ပွဲတွင် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်က လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ကာလအတွင်း  ဝန်ထမ်းများ စားဝတ်နေရေး အခက်အခဲမဖြစ်ပေါ်စေရန် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ် ရခြင်း ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များကို တိကျစွာလိုက်နာကြရန် ပြော ကြားပြီး ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ကျိုင်းတုံ) ရုံး ဝန်ထမ်း တစ်ဦးလျှင် ဆန် (၆) ပြည်၊  ဆီ (၁) လီတာ၊ ကြက်ဥ (၁၀)လုံး၊ ကြက်သွန်နီ (၁)ပိဿာ၊  အားလူး(၁)ပိဿာ နူန်းဖြင့် ဝန်ထမ်း(၄၀)ဦး အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)