ရမည်းသင်းမြို့၌ (၇၇) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကျင်းပ

ရမည်းသင်း မေ ၅

(၇၇) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ရမည်းသင်းခရိုင် မီးသတ်စခန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်းသိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်ထွန်းက ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံမှပေး‌ပို့သော (၇၇) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့‌ နေ့မိန့်ခွန်းအားဖတ်ကြား‌ပြီး လုပ်သက် ၂၅ နှစ်အထက် အရန်မီးသတ်တပ်ဖွဲ့ဝင် တပ်ခွဲမှူး ၃ ဦးတို့အား ခရိုင်အုပ်ချုပ်ရေးမှူးမှ ဂုဏ်ပြုလက်ဆောင်‌များ‌ ချီးမြှင့်‌ပေးအပ်သည်။

အဆိုပါ(၇၇) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အမ်းအနားသို့ ရမည်းသင်းခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ် ရေးမှူးဦးမောင်‌ရွှေသိန်းနှင့်အဖွဲ့ဝင်များ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ခင်ဆင့်နှင့်တပ်ဖွဲ့ဝင် များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

 (ခရိုင်ပြန်/ဆက်၊ရမည်းသင်း)