မိတ္ထီလာ မေ ၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်က ခရိုင်မီးသတ်ဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဝင်းမင်းထွန်းက (၇၇)နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်နေ့ မိန့်ခွန်းကို ဖတ်ကြားခဲ့သည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဝင်းမင်းထွန်း၊ မြိုန့ယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းတို့က မီးသတ်ကျင့်ဝတ်၊ ဝတ်စားဆင်ယင်မှု အကောင်းဆုံးနှင့် နေအိမ်လိုင်းခန်းသန့်ရှင်းမှုအကောင်းဆုံး ဆုရရှိသူများအား ဆုများ အသီးသီး ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဝင်းမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလွမ်းမိုးဟန်၊ မြိုန့ယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအဖွဲ့များ၊ ခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းနှင့် တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)