နမ္မတူ မေ ၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မေလ (၅)ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က နမ္မတူမြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် နမ္မတူမြို့နယ် မီးသတ်စခန်းအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ချီးမြှင့် သည့် ဂုဏ်ပြုဆုငွေကျပ် ၅၀၀၀၀၀ ကျပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းကပေးအပ်ရာ နမ္မတူမြို့နယ်မီးသတ်ဦးစီးမှူး ဦးဝဏ္ဏထွန်းအေး လက်ခံရယူခဲ့ပြီး မန်စံကျေးရွာ မီးသတ် စခန်းအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ချီးမြှင့်သည့် ဂုဏ်ပြုဆုငွေကျပ် ၄၀၀၀၀၀ ကျပ်အား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဆွေဦးက ပေးအပ်ချီးမြှင့်ရာ လက်ထောက် မီးသတ်ဦးစီးမှူး ဦးနိုင်လင်းက လက်ခံရယူခဲ့သည်။
(၇၇)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်း၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး နေ့လည်စာ ထမင်းဟင်းဖြင့် ဧည့်ခံ ကျွေးမွေးခဲ့ကြောင်း နမ္မတူမြို့နယ် မီးသတ်ဦးစီးမှူး ဦးဝဏ္ဏထွန်းအေးထံက သိရသည်။
လူမော် (ပြန်/ဆက်)