ဗဟန်းမြို့နယ်ရှိ Quarantine Centre များသို့ အလှူငွေများနှင့် အလှူပစ္စည်းများ ပေးအပ်လှူဒါန်း

ရန်ကုန် အောက်တိုဘာ ၅


ဗဟန်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများကို Quarantine Centre များ တွင် ထားရှိခဲ့ရာ ယခုအခါတွင် ဗဟန်းမြို့နယ် Facility Quarantine Centre အဖြစ် ဦးချစ်မောင်လမ်းရှိ၊ ကျိုက္ကဆံဘတ်စကတ်ဘော အားကစားရုံနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများတွင် ထားရှိခဲ့ပြီးဖြစ်သည်။
အဆိုပါ Quarantine Centre များတွင် အသုံးပြုရန်အတွက် အလှူငွေများနှင့် အလှူပစ္စည်းများပေးအပ် လှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပရာ၊ အလှူရှင် Dr. Zaw Htun Foundation က အလှူငွေကျပ် သိန်းနှစ်ဆယ်၊ အလှူရှင် ဒေါ်အေးမှီမိသားစုက ငွေကျပ်ခြောက်သိန်း၊ ရွှေဂုံတိုင်ဆေးရုံမှ ခြင်ထောင်၊ စောင်၊ ဖော့မွေ့ယာ၊ ကျန်းမာရေးဖျာ၊ ခေါင်းအုံး၊ ခေါင်အုံးစွပ်၊ ပစ္စည်းတန်ဖိုးကျပ်ရှစ်သိန်း ငါးသောင်း ငါးထောင်နှင့် အလှူငွေကျပ်တစ်သိန်းလေးသောင်းငါးထောင်၊ အလှူရှင် ဦးကျော်မင်းသန်းနှင့် ဇနီး ဒေါ်အေးအေးမွန်က အလှူငွေကျပ် သုံးသိန်းကိုးသောင်းခုနှစ်ထောင်ငါးရာ၊ ဗဟန်းမြို့နယ်နေ ပါမောက္ခဗိုလ်မှူးကြီး ဒေါ်တင်မိုးမြ၊ ဒေါ်နွယ်နီလေးက အလှူငွေကျပ်သုံးသိန်း၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ဗဟန်းမြို့နယ်မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများက အလှူငွေ ကျပ်သုံးသိန်း၊ ဗဟန်းမြို့နယ် အနောက်ရွှေဂုံတိုင်ရပ်ကွက် ဦးနေထွန်းနှင့်ဇနီး ဒေါ်စမ်းစမ်းလင်း မိသားစုက အလှူငွေကျပ်သုံးသိန်း၊ အလှူရှင် ဦးဖေကျော်ထင်နှင့်ဇနီးဒေါ်နုနုကြည်မိသားစုက အလှူငွေ ကျပ်နှစ်သိန်း၊ ဗိုလ်ချို(၁)နေ Dr.Gobin မိသားစုက အလှူငွေကျပ်တစ်သိန်းငါးသောင်း၊ ကျိုက္ကဆံ လမ်းနေ ဦးအောင်မြင့်၊ ဒေါ်ဖြူဖြူက အလှူငွေကျပ်တစ်သိန်း၊ အလှူရှင် လရောင်လင်းဆောက်လုပ်ရေး ကုမ္ပဏီက အလှူငွေကျပ်တစ်သိန်းနှင့် We Love Yangon(Bahan)၊ အဖွဲ့များက အသုံးအဆောင် ပစ္စည်းများနှင့် စားသောက်ဖွယ်ရာပစ္စည်းများ လာရောက်လှူဒါန်းခဲ့ကြသည်။
အဆိုပါ အလှူငွေများ ပေးအပ်လှူဒါန်းပွဲသို့၊ ဗဟန်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ နာယကများဖြစ်သော ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိန်း၊ ကော်မတီဥက္ကဋ္ဌ ဦးစိန်ကြည်၊ (မြို့နယ်အုပ်ချုပ်ရေးမှူး)မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်ဗိုလ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးဇော်လွင်နှင့် ကော်မတီအဖွဲ့ဝင်များက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)