လသာ မေ ၅
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်နေကြသည့်ဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရေးအတွက် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက လသာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပရာ လသာမြို့နယ်စီမံအုပ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းက ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ဝန်ထမ်းများအနေဖြင့် အချင်းချင်း ချစ်ခင်ရင်းနှီးမှု ရရှိစေရန်၊ ဌာနဆိုင်ရာများ၏ ဌာနအလိုက်ဆောင်ရွက်ရသည့်လုပ်ငန်းများကို သိရှိနားလည်စေရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်စေရန်နှင့် ဝန်ထမ်းများအနေဖြင့် ဌာနအလိုက်လုပ်ငန်းများဆောင်ရွက်ကြရာတွင် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်းဖြင့် ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးဆန်းထွန်းအောင်က သင်တန်းတွင်ပို့ချမည့်ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
အဆိုပါသင်တန်းကို လသာမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအကြီးအကဲများမှ သင်တန်းနည်းပြအဖြစ် ဌာနအလိုက်သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလ(၂)ပတ်ကြာမြင့်မည်ဖြစ်ကာ သင်တန်းတွင် ဌာနဆိုင်ရာများမှ ဝန်ထမ်း ၃၅ ဦးတက်ရောက်သင်ကြားလျက်ရှိကြောင်း သတင်းရရှိ သည်။
ဇော်ဖြိုးတေဇ