မော်လမြိုင် မေ ၅
၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ်၌ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တံခွန်စိုက်ဖလားစစ်တုရင်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လက်ရည်စမ်းပြိုင်ပွဲလူရွေးချယ်ပွဲကို ယမန်နေ့နံနက် ၈:၀၀ နာရီက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းကအဖွင့်အမှာစကားပြောကြားရာတွင် “၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တံခွန်စိုက်ဖလား စစ်တုရင်အားကစားပြိုင်ပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကိုယ်စားပြုပါဝင် ယှဉ်ပြိုင်နိုင်ရေးအတွက် လက်ရည်စမ်းသပ်လူရွေးချယ်စိစစ်ရေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း၊ ပြည်ထဲ ရေးဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့ဝင်/ ဝန်ထမ်းများအား တပ်ဖွဲ့တွင်း စည်းလုံးညီညွတ်မှုရှိစေရန်၊ ကိုယ်စိတ်နှလုံးပျော်ရွှင်မှုရှိစေရန်နှင့် အားကစားဖြင့် ပြည်ထဲရေးဝန်ကြီး ဌာန၏ဂုဏ်ကို မြှင့်တင်နိုင်စေရန်စသည့်ရည်ရွယ်ချက်ဖြင့် ဝန်ကြီးဌာနအတွင်း ထုပ်ဆီးထိုး၊ လွန်ဆွဲ၊ ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ်၊ ဘောလီဘော၊ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဖူဆယ်ဘောလုံး၊ စစ်တုရင်၊ လက်ဝှေ့၊ ကြက်တောင်၊ စက်ဘီးအစရှိသော အားကစားနည်းများကို ပြည်နယ်/တိုင်းအလိုက် ခွဲဝေတာဝန်ပေးအပ်ခဲ့ရာ မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် စစ်တုရင်အား ကစားနည်းကို တာဝန်ယူရပြီး ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ပြည်ထောင်စုဝန်ကြီးတံခွန်စိုက်ဖလား အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရမည် ဖြစ်ပါကြောင်း၊ ရွေးချယ်ထားသော အားကစားသမားများသည်လည်း အမျိုးသား/အမျိုးသမီး စစ်တုရင်အားကစားပြိုင်ပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကိုယ်စားပြု မွန်ပြည်နယ်မှတာဝန်ယူ၍ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သဖြင့် အဆင့်အတန်းပြည့်မီသော အားကစားသမားကောင်းများရရှိရေးအတွက် စနစ်တကျကြိုတင်ပြင်ဆင်လေ့ကျင့်နိုင်မှသာလျှင် အကောင်းဆုံးယှဉ်ပြိုင်နိုင်မှာဖြစ်သည့်အတွက် ပါဝင်ယှဉ်ပြိုင်ကြမည့် ဝန်ထမ်းများအနေဖြင့် “ကြိုတင်ပြင်ဆင်အောင်ပွဲဝင်” ဆိုတဲ့ စကားအတိုင်း ဉာဏ်စွမ်းရှိသ၍ကြိုးစားယှဉ်ပြိုင်သွားကြရန်နှင့် ကျွမ်းကျင်ပညာရှင်များမှလည်း ပြိုင်ပွဲဝင်အားကစားသမားများကို အောင်ပွဲရအားကစားများကို အောင်ပွဲရအားကစားကောင်းများ ဖြစ်စေရေး လေ့ကျင့်ပျိုးထောင်ပေးကြပါလို့” ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်အုပ်ချုပ်ရေးမှူးဦးတိုးဝင်းက စစ်တုရင်ရုပ်အား အကွက်ရွှေ့၍ပြိုင်ပွဲကို ဖွင့်လှစ်ပေးရာ စစ်တုရင်ကစားသမား(၁၄)ဦးက ဆက်လက်ကစားကြသည်။ အဆိုပါစစ်တုရင်ပြိုင်ပွဲကို (၄-၅-၂၀၂၃)မှ (၈-၅-၂၀၂၃)ရက်နေ့အထိ ၅ ရက်တာကျင်းပသွားမည်ဖြစ်ပြီး ပတ်လည်စနစ်ဖြင့်ကစားကာ ကျား(၅)ဦး၊ မ(၅)ဦး၊ အရံကစားသမား(၆)ဦး ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ် ပြန်/ဆက်