နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နေပြည်တော်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားတက်ရောက်

နေပြည်တော် မေ ၅

နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အမှာစကားပြောကြားရာတွင် နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအနေဖြင့် MSME လုပ်ငန်းများဖွံ့ဖြိုးမှုအတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ဗဟို MSME အေဂျင်စီ အစည်းအဝေးဆုံးဖြတ်ချက်များတွင် ဒေသဆိုင်ရာအေဂျင်စီများ ဆောင်ရွက်ရန်အချက်များတွင် နေပြည်တော်MSME အေဂျင်စီက သက်ဆိုင်ရာဌာနများပါဝင်သည့် Working Group ဖွဲ့စည်း၍ လစဉ်အကောင်အထည်ဖော် ဆောင်ရွက်မှုများအားတင်ပြလျက်ရှိကြောင်း၊ MSME Webportal တွင်သတင်းအချက်အလက် လွှင့်တင်ထားရှိမှုအခြေအနေ၊ MSME ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် အေဂျင်စီတို၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအနေဖြင့် သိရှိနားလည်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း များစွာအကျိုးရှိထိရောက်ကြောင်း ပြောကြားသည်။

ထို့နောက် MSME လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က MSME လုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍  အမှာစကားပြောကြားသည်။

ယင်းနောက် နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က အေဂျင်စီ၏ လုပ်ငန်းဆောင်ရွက်မှုများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က MSMEဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် အထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုအားလည်းကောင်း၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ကMSME Webportal ဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်မှုများကို လည်းကောင်းအသီးသီး ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)