လယ်ဝေး မေ ၅
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ထမ်းများက လယ်ဝေးမြို့ ခုတင်(၁၀၀) ဆေးရုံတွင် မြို့နယ်အတွင်းရှိ ကျေးလက်ဆေး ပေးခန်း၊ တိုက်နယ်ဆေးရုံနှင့် ခုတင်(၁၀၀)ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၏ ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်း၌ စတင်ဆောင်ရွက်ခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် နိုင်ငံအတွင်းနေထိုင်သူ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားတို့၏ Biographic Dataနှင့် Biometric Data များ ကောက်ယူ၍ Database တွင်သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာသို့ ယနေ့နေ့လယ်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်သက် သွားရောက်ကြည့်ရှု၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ယနေ့တွင် လယ်ဝေးမြို့နယ် အတွင်းရှိ ကျန်းမာရေးဝန်ထမ်း ၁၉၇ ဦးတို့၏ Biometric Data ကောက်ယူခဲ့ပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)