ကျိုင်းတုံမြို့၌ (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်း သွေးလှူဒါန်း

ကျိုင်းတုံ မေ ၅

(၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျိုင်းတုံခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် ၃၉ ဦးသည် ယမန်နေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၃)တပ်မတော်ဆေးရုံ ခုတင် (၃၀၀)၌ စုပေါင်းသွေးလှူဒါန်းကြသည်။

ထိုသို့လှူဒါန်းမှုကို တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးစကားပြောကြားကာ အားဖြည့်အစားအစာများ၊ ထောက်ပံ့ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)