မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေးအကြောင်း အသိပညာပေး (Talk Show) ရိုက်ကူးထုတ်လွှင့်

မက်မန်း မေ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်နှင့်ပတ်သတ်သော ဗဟုသတများတိုးပွားရေး၊ သဘာပတ်ဝန်းကျင်ပျက်စီးမှုကြောင့် ဖြစ်ပေါ်လာလာမည့် ဆိုးကျိုးများအကြောင်း အသိပညာပေး (Talk Show) ရိုက်ကူးခြင်းကို မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ရိုက်ကူးခဲ့သည်။

ထိုသို့ ရိုက်ကူးရာတွင် မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)က လူသားတို့အတွက် အဖိုးမဖြတ်နိုင်သည့် ကမ္ဘာကြီးသည် ယနေ့ အချိန်၌ အဖက်ဖက်မှ ယိုယွင်းပျက်စီးလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု၏ ၉၀ ရာခိုင်နှုန်းမှာ လူသားတို့၏ ပယောဂကြောင့် ဖြစ်ပါကြောင်း၊ လူသားတို့အနေဖြင့် ထပ်မံတိုးပွားလာသည့် လူဦးရေအတွက် မြို့ရွာများ၊ စိုက်ပျိုးမြေများချဲ့ထွင်ခြင်းများ၊ စီပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆည်မြောင်း၊ တာတမံနှင့် လမ်းတံတားများ၊ စက်ရုံ အလုပ်ရုံများဆောက်လုပ်ခြင်း၊ လမ်းဖောက်လုပ်ခြင်း၊ သစ်တောများကို ခုတ်ထွင်ရှင်းလင်း များကြောင့် သဘာဝပတ်ဝန်းကျင်များ ပျက်စီးမှုဖြစ်ရပါကြောင်း ဦးစွာ ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ဒေါ်အေးဝင်းခိုင် (ဦးစီးအရာရှိ)က သဘာဝပတ်ဝန်းကျင်အား မှီတင်းနေထိုင်ကြသော တောရိုင်းတိရစ္ဆာန်များ၊ ဇီဝမျိုးစုံမျိးကွဲများ၊ ရေချို၊ ရေငန်တွင်မှီတင်းနေထိုင် ရေသတ္တဝါများ ပျက်စီးရပါကြောင်း၊ သစ်တောသစ်ပင်များပျက်စီးမှုကို အချိန်မီ ထိန်းသိမ်းစောင့်ရှောက်သင့်ပါကြောင်း၊ လူသားတိုင်းအနေဖြင့် သစ်ပင်များကို စနစ်တကျ စုပေါင်း၍ စိုက်ပျိုးပါက သစ်တောကြီးများ မကြာမီ ဖြစ်ထွန်းလာမည်ဖြစ်ပါကြောင်း  သုံးသပ်ဆွေးနွေးသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)