တောင်တွင်းကြီး မေ ၅
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် သဖန်းကုန်းကျေးရွာရှိ တရုတ်ကော စံပြမူလတန်းကြိုကျောင်းကို မေလ(၂)ရက်နေ့ နံနက် (၉) နာရီက စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ တောင်တွင်းကြီးမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ တရုတ်ကောစံပြမူလတန်းကြိုကျောင်းတွင် ယနေ့အထိ မူကြိုကလေးငယ် (၁၀၀)ဦး လာရောက်အပ်နှံထားပြီး အဆိုပါ ကလေးငယ်များအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေး၊ စိတ်ခံစားမှု၊ အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရေးအတွက် ကစားခြင်းဖြင့် သင်ကြားနည်း၊ တေးဂီတဖြင့် သင်ကြားနည်း၊ အခြေခံပန်းချီဖြင့်သင်ကြားနည်း၊ လက်မှုပညာ သင်ကြားနည်း အစရှိသည့် သင်ကြားနည်းများဖြင့် ဆရာ/ဆရာများက သင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်း တရုတ်ကောစံပြမူလတန်းကြို ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်ဇင်ဝေထံမှ သိရသည်။
နိုင်ဝင်း(ပြန်/ဆက်)