မန်ကန်မြို့နယ်တွင် ကိုဗစ်ရောဂါကာကွယ်ရေးအသိပညာပေး (Mask Campaign)ပြုလုပ်

မန်ကန် မေ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ်တွင် ကူးစက်မြန်ရောဂါ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအသိပညာပေး Mask Campaign ကို ယမန်နေ့နံနက် ၉ နာရီ အချိန်က မန်ကန်မြို့ဝင် စစ်ဆေးဂိတ်တွင် ပြုလုပ်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မန်ကန်မြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်းက ဦးဆောင်၍ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆက်သွယ်ရေးဌာနမှ ဝန်ထမ်းများ၊ လျှပ်စစ်ဖြန့်ဖြူးရေးဌာနမှ ဝန်ထမ်းများ၊ ပညာရေး၊ ကျန်းမာရေးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် မြို့နယ်အတွင်းသွားလာသော ခရီးသွားပြည်သူများ၊ နယ်မြေဖြတ်သန်းသွားလာသူများနှင့် မော်တော်ယာဉ်မောင်းများကို ကိုဗစ်အသိပညာပေးဆောင်ရွက်ခြင်းနှင့် Mask များကို အခမဲ့ဖြန့်ဝေ၍ (Mask Campaign) ပြုလုပ်ခဲ့ကြောင်း သိရသည်။

အေးကပ်(ပြန်/ဆက်)