ပုဗ္ဗသီရိမြို့နယ်တွင် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်း ၁၈ မျိုးနှင့် အလှူငွေပေးအပ်

ပုဗ္ဗသီရိ ဧပြီ ၅

ပုဗ္ဗသီရိမြို့နယ်၊ ညောင်လူးကျေးရွာအုပ်စု၊ ကျောက်စရစ်ကုန်းကျေးရွာမှ မီးဘေးသင့်ပြည်သူများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပစ္စည်း ၁၈ မျိုးနှင့် အလှူငွေပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ထိုသို့ ပေးအပ်ရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးမောင်နှင့် ဝန်ထမ်းများ၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး ဦးကျော်ဝေယံငြိမ်းနှင့် ဝန်ထမ်းများ၊ ညောင်လူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင့်ဆွေတို့မှ မီးလောင်မှုဖြစ်ပွားခဲ့သည့် ညောင်လူးကျေးရွာအုပ်စု၊ ကျောက်စရစ်ကုန်းကျွေးရွာမှ မီးဘေးသင့်အိမ်​ထောင်စုအား  အလှူငွေ (၁၁၄၇၀၀-/) ကျပ်၊ ထောက်ပံ့ပစ္စည်း (၁၈)မျိုးနှင့် ကျောင်းဝတ်စုံ သုံးစုံတို့အား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရသည်။

သန္တာလင်း(ပုဗ္ဗသီရိ)