ပုဗ္ဗသီရိ​မြို့နယ်တွင် သောက်သုံးရေ အခက်ကြုံနေသော ကျေးရွာများသို့ ရေဂါလံ ၈၀၀၀ လှူဒါန်း

ပုဗ္ဗသီရိ မေ ၅

ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်၍ သောက်သုံးရေ နည်းပါးလာသည်နှင့်အမျှ ပုဗ္ဗသီရိမြို့နယ်အတွင်း သောက်သုံးရေလိုအပ်သည့် သ​ပြေတန်းကျေးရွာအုပ်စု၊ ရန်အောင်ကျေးရွာသို့ ပုဗ္ဗသီရိမြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့မွန်းလွဲပိုင်းက ရေများ သွားရောက် လှူဒါန်းခဲ့သည်။

အဆိုပါ ရေလှူဒါန်းရာတွင် ပုဗ္ဗသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညီညီဝင်းနှင့် အဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမျိုးအောင်နှင့် အဖွဲ့တို့က သ​ပြေကုန်းကျေးရွာရှိ အိမ်ထောင်စု ၃၇၈ စုအား သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ရေဂါလံ ၈၀၀၀ အား သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

သန္တာလင်း(ပုဗ္ဗသီရိ)