ဇမ္ဗူသီရိမြို့နယ်တွင် ပန်းကြယ်သီးထိုးနည်း(အခမဲ့)သင်တန်း ဖွင့်လှစ်သင်ကြား

ဇမ္ဗူသီရိ မေ ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပန်းကြယ်သီးထိုးနည်း (အခမဲ့)သင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးက လူငယ်များ နွေရာသီကျောင်းပိတ်ရက်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပန်းကြယ်သီးထိုးနည်း (အခမဲ့)သင်တန်း ဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ သင်တန်းတွင် သင်တန်းနည်းပြဆရာမ ယွန်းဝတီစိုးက ပုစဉ်းခေါင်းသီး၊ စပယ်ပန်းပုံ၊ ထပ်တရာပန်းပုံ၊ ခရုခွေပုံ၊ စင်္ကြာပန်းပုံ၊ ပန်းခက်အနွယ်ပုံ စသည့် ပန်းကြယ်သီးထိုးနည်းများကို စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချပေးသွားမည် ဖြစ်သည်။

အဆိုပါသင်တန်းသို့ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်အတွင်းမှ ကျောင်းသား/သူ လူငယ် ၁၅ ဦး တက်ရောက်ခဲ့ပြီး ယမန်နေ့မှ ၆ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)