မြင်းခြံ မေ ၅
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် နွေရာသီအခြေခံကွန်ပျူတာ သင်တန်းကို ယနေ့နံနက် (၉) နာရီမှ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
"နွေရာသီ ကျောင်းပိတ်ရက်များမှာ အခြေခံပညာအလယ်တန်းကျောင်းသား ကျောင်းသူများ အသိပညာအတတ်ပညာဗဟုသုတ တစ်ခုခု ရရှိစေရန်ရည်ရွယ်ပြီးတော့ ကျွန်မတို့ မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဦးဆောင်ပြီး နွေရာသီအခြေခံကွန်ပျူတာသင်တန်းကို အခမဲ့ဖွင့်လှစ်ပေးခြင်း ဖြစ်ပါတယ်"ဟု လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့ကပြောသည်။ "နည်းပညာဖွံ့ဖြိုးတိုးတက်နေတဲ့ ခေတ်မှာ ကွန်ပျူတာကို ကလေးများအသုံးပြုတက်ဖို့ လိုအပ်ပါတယ်။ လုပ်ငန်းခွင်တော်တော်များများမှာလည်း ကွန်ပျူတာနဲ့ အလုပ်လုပ်ရတဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေရပါတယ်။ နောက်ပြီး ကွန်ပျူတာနှင့်သက်ဆိုင်ပြီး မိမိတို့ဝါသနာပါသည့် လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်၊ နွေရာသီကျောင်းပိတ်ရက်များမှာကျောင်းသား/ကျောင်းသူများ အချိန်ကိုလစ်ဟာမှုမရှိစေဘဲ အတတ် ပညာတစ်ခုခု တက်မြောက်စေရန်ရည်ရွယ်ပြီး ကွန်ပျူတာအခြေခံကို သင်ကြားပေးခြင်း ဖြစ်ကြောင်း" သင်တန်းနည်းပြဆရာ ဦးကျော်စွာဟိန်းက ပြောသည်။
အဆိုပါ နွေရာသီ အခြေခံကွန်ပျူတာ သင်တန်းကို မေလလ (၄) ရက်နေ့မှ မေလ (၈) ရက်နေ့အထိ (၅) ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား/သူ (၁၀) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)