ဘူးသီးတောင်မြို့ မြို့မစျေးနှင့်စက်လှေဆိပ်များ၌ မုန်တိုင်းဘေးအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်

ဘူးသီးတောင် မေ ၅

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ဦးဆောင်၍ မုန်တိုင်းဘေး အန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ညနေ(၄)နာရီအချိန်က မြို့မစည်ပင်သာယာစျေးနှင့် စက်လှေဆိပ်များ၌ ဖြန့်ဝေခဲ့ကြသည်။

ထို့သို့ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေရာတွင် ပြည်သူများအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားရေးမှုဦးစီးဌာန (နေပြည်တော်)မှ ထုတ်ပြန်ထားသည့် အချက်အလက်များ သိရှိစေရေးအတွက်၂၀၂၃ခုနှစ်၊ မေလ ၃ ရက်နေ့ မြန်မာစံတော်ချိန် ၁နာရီခွဲအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် (၇.၅.၂၁၂၃)ရက်နေ့၌ လေဖိအားနည်းရပ်ဝန်း (Low PressureArea)တစ်ခုဖြစ်ပေါ်နိုင်ပါကြောင်းနှင့် အဆိုပါ လေဖိအားနည်းရပ်ဝန်း(LowPressurerea)သည် ပိုမိုအားကောင်းလာနိုင်ကာ (၈.၅.၂၀၂၃) ရက်နေ့တွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါကြောင်း အခြေအနေများနှင့် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားရေးမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များအား သိရှိနိုင်ရန်သတင်းများ၊ ရေဒီယိုများကြည့်ရှုနားဆင်ကြရန်နှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်ထားကြရန်ပြောကြားပြီး လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် မုန်တိုင်းဘေးပညာပေး လက်ကမ်းစာစောင်(၁၅၀)ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သက်ဇံနှင့်ဝန်ထမ်းများ၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးငြိမ်းထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးအောင်နှင့်ဝန်ထမ်းများပူးပေါင်း၍ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)