သံဖြူဇရပ် မီးသတ်ဦးစီးဌာနမှ (၇၇) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်

သံဖြူဇရပ် မေ ၅

မေလ ၅ ရက်နေ့တွင်ကျရောက်မည့် (၇၇) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ် မြို့နယ်မီးသတ်ဦးစီးဌာနက ကြီးမှူး၍ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် မေလ ၂ ရက်နေ့မှစ၍ ယနေ့အထိ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာ၌ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်ကျော်ထွေးနှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌနှင့် တပ်ဖွဲ့ဝင်အမျိုးသမီးမျာက သံဖြူဇရပ်မြို့နယ် မီးသတ်စခန်းရှေ့တွင် (၇၇) နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ ဗီနိုင်းပိုစတာ ဆိုင်းဘုတ်စိုက်ထူပေးခြင်းနှင့် ကျိုက်ဇေယျာသုခ ဘုရားရင်ပြင်တော် စုပေါင်းသန့်ရှင်းရေးပြုလုပ်ပေးခြင်း၊ သံဖြူဇရပ်ဘိုးဘွားရိပ်သာရှိဘိုး/ဘွားများအား တစ်နေ့တာအဟာရ ကျွေးမွေးလှူဒါန်းခြင်း၊ ရပ်ကွက် အတွင်း တစ်အိမ်တက်ဆင်း မီးဘေး အန္တရာယ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)