မိုင်းစံမြို့လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူငယ်နှင့်ကိုယ်ကျင့်တရား အသိပညာပေး Talk Show ဆောင်ရွက်

မိုင်းစံ မေ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့၌ လူငယ်နှင့် ကိုယ်ကျင့်တရားအသိပညာပေး Talk Show ကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်ခန့်က  မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ပြုလုပ်ခဲ့သည်၊၊

Talk Show ဆွေးနွေးရာတွင် မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ကေသွယ်စိုးနှင့် ယာယီနေ့စား ဒေါ်စိန်ငွေတို့က ကိုယ်ကျင့်တရားအရေးပါပုံ၊ အနာဂတ်သည် လူငယ်တို့၏ ကိုယ်ကျင့်တရားပေါ် မူတည်ပုံ၊ ရိုးသားဖြောင့်မတ်ခြင်း ကိုယ်ကျင့်တရားကောင်းမွန်ခြင်းသည် လူအပေါင်းတို့၏ တာဝန်ဖြစ်ပုံ၊ ကိုယ်ကျင့်တရားကောင်းမွန်မူသည် လူ့လောကကို အကျိုးပြုပုံ ကိုယ်ကျင့်တရား ဖြူစင်အောင် ကြိုးစားသင့်ပုံ စသည့် အချက်များကို ဆွေးနွေးခဲ့ကြသည်၊၊

အဆိုပါ Talk Show ပွဲအစီအစဥ် အပြည့်အစုံကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် We love Mong San Page တွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်၊၊

မိုင်းစံ (ပြန်/ဆက်)