ပျော်ဘွယ် မေ ၄
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးဆောင်၍ မူလတန်းအဆင့် ပုံပြင်ပြောနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပခြင်းကို ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ပြုလုပ်သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက “ကျွန်မတို့အနေနဲ့ ယနေ့ ကျင်းပပြုလုပ်တဲ့ပြိုင်ပွဲမှာဆိုရင် မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်ကိုလာရောက် အသုံးပြုနေတဲ့ကလေးငယ်တွေနဲ့ မြို့နယ်အတွင်းမှာရှိတဲ့ အချို့ကျောင်းက ကျောင်းသား၊ ကျောင်းသူလေးတွေကို ဖိတ်ခေါ်ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး မိမိတို့လေ့ကျင့်ထားတဲ့ စိတ်ကြိုက်ခေါင်းစဉ်နဲ့ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်” ဟုရှင်းပြသည်။
ဆက်လက်၍ ပုံပြင်ပြောနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲကိုကျင်းပရာ မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၅)ဦး၊ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား မကြာမီရက်ပိုင်းတွင်ပြုလုပ်မည့် အခမ်းအနား၌ ဆုများပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)