ဆိပ်ကြီးခနောင်တို မေ ၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြန်မာ သက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲကို ယမန်နေ့ ညနေ ၄ နာရီခွဲက ဆိပ်ကြီးအနောက်ရပ်ကွက်၊ ဓမ္မပီတိ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ မဟာဗောဓိညောင်ပင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ရေသွန်းလောင်းပူဇော်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင် ဦးဆောင်၍ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များက အဆိုပါဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းရှိ မဟာဗောဓိညောင်ပင်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ရေသပ္ပာယ်၍ ညောင်ပင်အား ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြသည်။
ညောင်ရေသွန်းပွဲအပြီးတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း အမှိုက်များလှည်းကျင်းခြင်း၊ ဓမ္မစကြာတရားတော်များ ရွတ်ဖတ် ပူဇော်ခြင်းတို့အား ကုသိုလ်ယူဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝေယံ (IPRD)