လားရှိုး မေ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လားရှိုးအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသည့် အကျဉ်းသားများအား လွတ်ပေးသည့်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက လားရှိုးအကျဉ်းထောင်ရှိ ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ဆန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝေဠုသတိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်လင်း၊ အကျဉ်းထောင်တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းကျော်တင့်၊ ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်လင်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဦးစီအရာရှိ ဦးလွင်ဆန်းတို့ တက်ရောက်ခဲ့ကြပြီး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးတို့က ဆုံးမဩဝါဒစကား ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီ၏ အမိန့်အမှတ်၊ ၃၁/၂၀၂၃ အရ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ လားရှိုးအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသည့် အကျဉ်းသား/သူ (၁၃)ဦး လွတ်ပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)