မိုင်းယုမြို့၌ ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)၌ ဓမ္မစကြာရွတ်ဖတ်ခြင်း၊ ညောင်ရေသွန်းခြင်းနှင့် ဆီးမီးတစ်ထောင်ထွန်းညှိပူဇော်ခြင်းတို့ဖြင့် ကုသိုလ်ပြု

မိုင်းယု မေ

၁၃၈၅ခုနှစ်၊ ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့) ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၊ မြို့မရပ်ကွက်၊ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းရှိ ဓမ္မလင်္ကာရ ကျောင်းဆောင် တွင် ဓမ္မစကြာရွတ်ဖတ်ပူဇော်ခြင်းနှင့် ယင်းကျောင်းဝန်းအတွင်းရှိ ရွှေပြည်အေး စေတီတော် အနီးရှိ ရွှေညောင်ပင်တို့အား ညောင်ရေသွန်းလောင်းခြင်းနှင့် ဆီးမီးတစ်ထောင် ထွန်းညှိပူဇော်ခြင်းတို့ကို ယမန်နေ့ညနေပိုင်းက ကုသိုလ်ပြုဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ဓမ္မလင်္ကာရကျောင်းဆောင်အတွင်း၌ ဓမ္မစကြာရွတ်ဖတ်အသင်းမှ ဓမ္မစကြာ ရွတ်ဖတ်ပူဇော်ခြင်း၊ မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေး၊ နယ်မြေခံစခန်းမှူးရဲအုပ် နိုင်နိုင်ဝင်း၊ ဌာနဆိုင်ရာအဖွဲ့များနှင့် ဓမ္မစကြာရွတ်ဖတ်အသင်းများမှ ဆရာတော်အရှင်သူမြတ်တို့အား ဆွမ်းဆန်နှင့် ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့ ကြသည်။

ယင်းကျောင်းဝန်းအတွင်း ရွှေပြည်အေးစေတီတော်အနီးရှိ ရွှေညောင်ပင်တို့အား ညောင်ရေ သွန်းလောင်းခြင်းနှင့် ဆုတောင်းခြင်းများပြုလုပ်ခဲ့ကြပြီးနောက် ညနေ နာရီအချိန်တွင် ရွှေပြည်အေး စေတီတော်၌ ဆီးမီးတစ်ထောင်ထွန်းညှိပူဇော်ခဲ့ကြကာ ၁၃၈၅ခုနှစ်၊ ကဆုန်လ ပြည့်နေ့ (ဗုဒ္ဓနေ့)ကို ကုသိုလ်ပြု ကြိုဆိုခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင်