စဉ့်ကူး မေ ၄
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကျွန်းရွှေဝါခန်းမတွင် နွေရာသီ ကွန်ပျူတာသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် စဉ့်ကူးမြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဦးက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး သော်တာထွန်းကကွန်ပျူတာသင်တန်းတွင် သင်ကြားပေးခဲ့သည့်နည်းပြ ဆရာ/ဆရာမများအား မှတ်တမ်းတင် ဂုဏ်ပြုလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ခြင်း၊ အတွင်းရေးမှူး ရဲမှူး ဇော်နီချစ်၊ အဖွဲ့ဝင်(၂) ဦးထွန်းညွန့်ဦးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန စဉ့်ကူးမြို့နယ်ဦးစီးမှူး ဦးရွှေဝင်းတို့က သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါသင်တန်း ဆင်းပွဲအခမ်းအနားသို့ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသော်တာထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပြီးသင်တန်းကို ဧပြီလ ၂၄ ရက်နေ့မှ မေလ ၃ ရက်နေ့အထိ ၁၀ ရက်ကြာသင်ကြားပို့ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တင်ဇာလွင်(ပြန်/ ဆက်)