ဆွမ်ပရာဘွမ်မြို့တွင် ကဆုန်လပြည့် ဗုဒ္ဓနေ့ ဓမ္မစင်္ကြာရွတ်ဖတ်ပူဇော်ခြင်းနှင့် ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူ ဇော်ခြင်း အခမ်းအနားကျင်းပ

ဆွမ်ပရာဘွမ် မေ ၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ကဆုန်လပြည့် ဗုဒ္ဓနေ့ ဓမ္မစင်္ကြာရွတ်ဖတ် ပူဇော်ခြင်းနှင့် ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့မရပ်ကွက်ရှိ ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်းထိုင်ဆရာတော် မဟာသဒ္ဒမ္မ ဇောတိကဓဇ ဘဒ္ဒန္တတိဿ အရှင်သူမြတ်ထံမှ ငါးပါးသီလခံ ယူဆောက်တည်ကြ၍ ကဆုန်လပြည့် ဗုဒ္ဓနေ့အကြောင်း တရားတော်များနာယူခြင်း၊ ဓမ္မစင်္ကြာရွတ်ဖတ်ပူ‌ဇော်ခြင်းနှင့် လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းမှုများ ပြုလုပ်ကာ‌ ဗောဓိညောင်ပင်၌ ညောင်ရည်သွန်းလောင်းပူဇော်ခဲ့ကြောင်း သိရ သည်။   

အဆိုပါ အခမ်းအနားသို့ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ဗုဒ္ဓဘာသာဝင်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရှေ့တန်းအမှတ်(၄၆) ခြေလျင်တပ်ရင်း၊ တပ်ရင်းမှူးနှင့် အရာရှိ၊ စစ်သည်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရ သည်။

ဧပရယ်မိုး(ပြန်/ဆက်)