ပူတာအိုခရိုင်၊ မချမ်းဘောမြို့၌ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် မြို့နယ် တရားရုံးအဆောက်အအုံသစ်ဖွင့်လှစ်

ပူတာအို မေ ၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်းပေါင်း(၄၁၅)သန်းဖြင့် ဆောက်လုပ်ပြီးစီးခဲ့သည့်  RC တစ်ထပ် မြို့နယ်တရားရုံးအဆောက်အအုံ သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက မချမ်းဘောမြို့၊ ရပ်ကွက်(၃)ရှိ အဆိုပါမြို့နယ် တရားရုံးသစ်‌ရှေ့၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်တရားရုံး အဆောက်အအုံသစ်ကို ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီး ဦးတူးမော်၊စစ်ဗျူဟာ (အခြေချ) ပူတာအို ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းသီဟ၊ ပြည်နယ်တရားရေး ဦးစီးမှူး ဒေါ်ခင်ဆွေဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး မြို့နယ်တရားရုံးအဆောက် အအုံသစ်ဆိုင်းဘုတ်ကို ကချင်ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ပြည်နယ်တရားလွှတ်‌တော်တရားသူကြီးချုပ်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့် အဖွဲ့ဝင် များက  မြို့နယ်တရားရုံးအဆောက်အအုံသစ် ကမ္ပည်းမော်ကွန်းကို အမွေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး အမှတ်တရ စု‌ပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြကာ တရားရုံးအဆောက်အအုံအတွင်း လည့်လည်ကြည့်ရှုစစ်‌ဆေးခဲ့ ကြသည်။

ထို့နောက် မြို့နယ်တရားရုံးအစည်းအဝေးခန်းမ၌ ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ် တရားလွှတ်‌တော် တရားသူကြီးချုပ် ဦးတူးဂျာက ပူတာအိုခရိုင်/မြို့နယ်တရားရုံးကို ၂၀၁၆ ခုနှစ် မေလ (၉)ရက်နေ့တွင်လည်းကောင်း၊ နောင်မွန်းမြို့နယ်တရားရုံးကို ၂၀၂၀ ခုနှစ် ဩဂုတ်လ(၁၇)ရက်နေ့တွင် လည်းကောင်း ခေတ်မီအဆောက်အအုံသစ်ဆောက် လုပ်ပြီးဖြစ်သည့်အတွက် ပူတာအိုခရိုင်အတွင်းရှိ ကျန်မြို့နယ်တရားရုံးများကိုလည်း ခေတ်မီအဆောက်အအုံအသစ် ဆောက်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ပူတာအိုဒေသသည် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းစဉ်တွင် ထင်ပေါ်ကျော်ကြားသည့် ခရီးစဉ်ဒေသဖြစ်ပြီး ပြည်တွင်းပြည်ပခရီးသွားများ နှစ်စဉ်လာရောက်လည်ပတ်သော ဒေသတစ်ခုဖြစ်ကြောင်း၊ ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်များကိုလည်း ပြည်တွင်းပြည်ပခရီးများ ဝင်ထွက်သွားလာမှုရှိသည်ကို တွေ့ရှိရကြောင်း၊ ယ‌နေ့ မချမ်းဘောမြို့နယ် တရားရုံးကို ဉပဓိရုပ်ခန့်ညားထည်ဝါသော ခေတ်မီအဆောက်အအုံအဖြစ်တည် ဆောက်နိုင်ဖွင့်လှစ်‌ပေးနိုင် သည့်အတွက် မြို့အင်္ဂါရပ်ကို ထင်ဟပ်စေခြင်းကြောင့် များစွာဂုဏ်ယူမိပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့် အဖွဲ့ဝင်များသည် အဆောက်အအုံသစ် တည်‌ဆောက်ခဲ့မှုနှင့် စပ်လျဉ်းသည့် Video Clip ကို ကြည့်ရှုအားပေးပြီး ရုံးသစ်ကို တာဝန်ယူတည်‌ဆောက်ခဲ့သည့် လေးမြို့နဒီကုမ္ဗဏီ တာဝန်ရှိသူတစ်ဦးက မြို့နယ်တရားရုံးအဆောက်အအုံ သစ်နှင့် သက်ဆိုင်သော စာရွက်စာတမ်းများကို ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခင်ဆွေဦးထံ လွှဲပြောင်း ပေးအပ်သည်။ ထို့နောက် ကချင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်က မချမ်ဘောမြို့နယ် တရားရုံး အဆောက်အအုံသစ်ဖွင့်ပွဲ အထိမ်းအမှတ် အလံအား တာဝန်ရှိသူများထံ ပေးအပ်သည်။

အလားတူ ပြည်နယ်တရားလွှတ်‌တော် တရားသူကြီးချုပ်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ် ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် မေ(၃)ရက် မွန်းလွဲပိုင်းက ပူတာအိုမြို့ လုံးစွတ်ရပ်ကွက် ပက်ထရို စက်သုံးဆီအရောင်ဆိုင်အနီးတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ကျပ်သိန်း(၃၅၀)ဖြင့် “ဆန်း” စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ တစ်ရက်လျှင်ပျမ်းမျှ ဆန်တန်ချိန်(၁၈) တန်ကြိတ်ခွဲဆောင်ရွက်နိုင်သည့် ဆန်စက် အဆောက်အအုံ ဆောက်လုပ်ပြီးစီးမှုအခြေအနေနှင့် အဆိုပါ ရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် (၁၀)သိန်းဖြင့် ပိုင်ရှင် ဦးမကူနော်အောင်၏ ငါးကန်နှစ်ကန်အတွင်း  ငါးနီ၊တီလားဗီယား၊ ရွှေဝါငါးကြင်း၊ ငါးခူကောင်ရေ(၁၃၀၀) မွေးမြူထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့မှ တစ်ဆင့် ပူတာအိုမြို့ မူလာရှီးဒီရပ်ကွက်သို့သွား‌ရောက်ပြီး ရပ်ကွက် ၂ နေပိုင်ရှင်ဦးရီလီဒီး၏ ခြံ၌ နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် (၁၀)သိန်းဖြင့် ရွှေဝါငါးကြင်း၊ ငါးခူ၊ တီလားဗီယား သားပေါက် အကောင်(၂၀၀)နှင့် ဒေသကြက်သားပေါက် ကောင်ရေ(၂၅၀)မွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး မွေးမြူ‌ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ မွေးမြူရေး အထောက်အကူပြု‌ဆေးဝါးလိုအပ်ချက်၊ နည်းစနစ်တကျ မွေးမြူနိုင်ရေးနှင့် လိုအပ်ချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)