ဟိုပန်၌ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်

ဟိုပန် မေ၄ 

ဝေးလံခက်ခဲသောဒေသမှ တိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်၊ ကျန်းမာရေးဦးစီးဌာနအား အထောက် အကူပြုစေရန် ရှေ့တန်းအမှတ်(၁)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ နယ်လှည့်ဆေးကုရေးအဖွဲ့မှ ဗိုလ်ကြီးဝင်းထိုက်ဦးနှင့်အဖွဲ့သည် ယနေ့ နံနက် ၉ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ တာကိုကျေးရွာအုပ်စု၊ ကောင်းဆန်းကျေးရွာ၊ ဝေဠုဝန်တောရ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများအား ကွင်းဆင်း ဆေးကုသပေးခဲ့ပါသည်။

အဆိုပါ ကွင်းဆင်းဆေးကုသရာသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့်အဖွဲ့ဝင်များ၊ ရှေ့တန်းအမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေး ကွပ်ကဲ ရေးမှူးဗိုလ်မှူးကြီးမင်းမောင်၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ရောက်ရှိခဲ့ပြီး ကောင်းဆန်းကျေးရွာ ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက်ဥက္ကဋ္ဌနှင့် အဖွဲ့သည် ဆေးကုသနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး လာရောက်ကုသမှုခံယူသည့် ပြည်သူများကို အချိုရည်များနှင့် Face Mask များကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ယနေ့တွင် ကောင်းဆန်းကျေးရွာမှ ဒေသခံတိုင်းရင်းသား ကလေးကျား(၁၂)ဦး၊ မ(၄)ဦး၊ လူကြီးကျား(၁၃)ဦး၊ မ(၃၅)ဦး၊ စုစုပေါင်း (၆၄)ဦးကိုကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်