လောက်ကိုင် မေ ၄
(၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လောက်ကိုင်ခရိုင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းဆွမ်းကပ် လှူဒါန်းပွဲကို အမှတ်(၃)ရပ်ကွက် မဟာမုနိဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် အဖွဲ့ဝင်များ၊ ဒေသ/ခရိုင်/မြို့နယ်ဆင့် ဌာနဆိုင်ရာများ၊ မြို့မိ/ မြို့ဖများ တက်ရောက် တရားနာယူကြကြောင်း သိရသည်။
ညိုညိုဝင်း ( လောက်ကိုင် )