မိုင်းရယ် မေ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့၌ ဌာနဆိုင်ရာများ စုပေါင်း၍ ပြည်သူများ အပြင်ထွက်သွားလာရာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် လူတိုင်း ပါးစပ်နှင့် နှာခေါင်းစည်းများ တပ်ဆင်သွားလာနိုင်ရေးစေရန် ပါးစပ်နှင့် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက မိုင်းရယ်မြို့ အဝင်ဂိတ်နှင့် မြို့လယ်ဘုရားရှေ့တို့တွင် ပြုလုပ်သည်။
အဆိုပါ ပါးစပ်နှင့်နှာခေါင်းစည်း ဖြန့်ဝေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက လမ်းမပေါ်ရှိ သွားလာနေကြသည့် ပြည်သူများအား နှာခေါင်းစည်း (၁၈၀၀)ကို စနစ်တကျ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
မိုင်းရယ် (ပြန်/ဆက်)