စဉ့်ကိုင် မေ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာ၀န်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် စီမံကိန်းရည်မှန်းချက် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ဦးစီးဌာနများအနေဖြင့် ခွင့်ပြုငွေများကို စနစ်တကျ အသုံးပြုရန် ကဏ္ဍအလိုက် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်း၊ ဥပဒေနှင့်အညီ ဆောင်ရွက်သွားကြစေလိုကြောင်း အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ဦးစီးမှူး ဒေါ်စိမ်းမြမြမော်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းရည်မှန်းချက် တာ၀န်များကို ကဏ္ဍအလိုက် ရေးဆွဲထားခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်က မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ဆည်မြောင်း)သို့ လည်ကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၁) ဗိုလ်မှူးပြည့်ဖြိုးအောင်က မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းမြစ်)သို့လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ကိုယ်စား ဒုရဲမှူးကျော်မိုးက မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့လည်းကောင်း၊ အဖွဲ့၀င်(၃) မြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင်ပြည်သူ့အင်အား၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဉာဏ်စိုးက မြို့နယ်လမ်းဦးစီးဌာနသို့ လည်းကောင်း၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်စိမ်းမြမြမော်က မြို့နယ်ကျေးလက်လမ်းဦးစီးဌာနသို့လည်းကောင်း အသီးသီးလုပ်ငန်းစီမံကိန်းများ ပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက စီမံကိန်းရည်မှန်းချက် တာ၀န်များ အောင်မြင်ရေးစည်းမျဉ်း စည်းကမ်း၊ ဥပဒေ လုပ်ထုံးလုပ်နည်းညွှန်ကြားချက်နှင့်အညီ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးဌာန အချင်းချင်း ဝိုင်း၀န်းပူးပေါင်းဆောင်ရွက်ကြစေရေး ဆွေးနွေးပြေကြားခဲ့ကြောင်းနှင့် စဉ့်ကိုင်မြို့နယ်အနေဖြင့် မံကိန်းရည်မှန်းချက်တာ၀န်များကို ဦးစီးဌာန (၁၁)ခု၊ လုပ်ငန်းစုစုပေါင်း(၇၃)ခု၊ မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ(၃၈၇၄ .၅၆၅)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)