စဉ့်ကူး မေ ၄
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ပြုလုပ်ခြင်းကို စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာ ဈေးအတွင်း ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကူစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာ ဈေးအတွင်းဈေးရောင်း ဈေးဝယ်သူများနှင့် ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများထံသို့ နှာခေါင်းစည်း "Mask" များအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။
၂၀၂၃ ဧပြီလဆန်းမှစ၍ ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းဖြစ်ပွားမှု အနည်းငယ်မြင့်တက်လာသဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်း စည်းကမ်းများကို တိကျစွာလိုက်နာခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ စနစ် တကျတပ်ဆင်ခြင်း၊ နီးစပ်ရာကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို အထူးဂရုပြုဆောင်ရွက်ကြရန်နှင့် မိမိနေအိမ်တွင် အသွားအလာ ကန့်သတ်နေထိုင်ကြရန်တို့ကို အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
တင်ဇာလွင်(ပြန်/ဆက်)