ချမ်းအေးသာစံ မေ ၄
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်ရှိ မဟာလောကရန်နှိမ်အောင်တော်မူ မြတ်စွာဘုရားသို့ ယမန်နေ့ ညနေ ၄ နာရီခန့်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးဝန်ကြီး ဦးအောင်မင်း ၊ ဥပဒေချုပ် ဦးမြင့်အောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမြင့်လွင်တို့ လာရောက်ဖူးမြော်ခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဟာလောကရန်နှိမ်အောင်တော်မူ မြတ်စွာဘုရားအား ရေချမ်း၊ ဆီမီးနှင့် အမွှေးနံသာတိုင်များ ဆပ်ကပ်လှူဒါန်း၍ ရွှေသင်္ကန်းကပ် လှူပူဇော်၍ ဗောဓိပင်အား ညောင်ရေသွန်းလောင်း ပူဇော်ပြီး ဘုရားဖူးလာပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း၊ ထို့နောက် ဘုရားရင်ပြင်တော်တွင် အောင်မြင်သူအုပ်စုကုမ္ပဏီမှ ဘုရားဖူးလာပြည်သူများအား ကြာဇံဟင်းနှင့် ဖျော်ရည်များ စတုဒီသာကျွေးမွေးလှူဒါန်းနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ထိပ်ထားနိုင်