ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီတော်ကြီးတွင် ပထမအကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ စည်းကားသိုက်မြိုက်စွာ ကျင်းပ

မောင်တော မေ  

ရခိုင်ပြည်နယ် ၊မောင်တောခရိုင် ၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ဗုဒ္ဓဘာသာ ဝင်များ အထွက်အမြတ်ထားရာ ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ပထမအကြိမ်မြောက် ကဆုန်ညောင်ရေသွန်း လောင်း ပူဇော်ပွဲကို ယမန်နေ့ ညနေ (၅) နာရီ အချိန် မြို့ဦးရွှေစည်းခုံ ဆံတော်မြတ် စေတီတော်ကြီးတွင် စည်းကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာတော်သံဃာတော်များ၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေဦး နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများနှင့် ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြသည်။ ထို့နောက် မောင်တောမြို့ (၃)မိုင်ပရဟိတနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ ဦးစီးပဓာနနာယက  မြို့နယ်ဩဝါဒစရိယ မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘန္ဒန္တစန္ဒာ သီရိအရှင်သူမြတ်ထံမှ ငါးပါးသီခံယူဆောက်တည်ကြပြီး  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် မိသားစုဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များက  လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကာ အောင်မြေဗောဓိသာသနာ့ရိပ်သာ (အလိုတော်ပြည့်) ကျောင်း ၊ မြို့နယ်သံဃနာယကအဖွဲ့ဝင် ၊(မဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တ မဏိသာရ ဆရာတော် အ ရှင်သူမြတ်ထံမှ ဧည့်ပရိတ်သတ်များက အနုမော ဒနာတရားနာယူကာ လှူဒါန်းမှု အစုစုအတွက် ရေစက် သွန်းချ အမျှပေးဝေခဲ့သည်။ ဆက်လက်၍  မြို့ဦးရွှေစည်းခုံစေတီတော်မြတ်ကြီးအား ခရိုင်/မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ များနှင့် တာဝန်ရှိသူများက ညောင်ရေသွန်းလောင်းမည့် အမွှေးနံ့သာဖလား များ ကိုင်ဆောင်၍  လကျ်ာရစ် ၃ ကြိမ် လှည့်ပတ်ပူဇော်ပြီး အလိုတော်ပြည့်ဆရာတော်ဘုရားကြီးမှ ဗောဓိဝန္ဒနာဂါထာတော်နှင့် ဗောဓိပင်အား ရေစင်လောင်းသည့် ဂါထာတော်အား ရွတ်ဖတ်ပူဇော်ခဲ့သည်။  ယင်းနောက် ဆရာတော် သံဃာတော်ကြီးများ ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌများ နှင့် တာဝန်ရှိသူများ၊ ဧည့်ပရိတ်သတ်များက  မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး ၊ အောင်ကျော်စိန်(ပြန်/ဆက်)