မိုင်းခတ်၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) ညောင်ရေသွန်းလောင်းပွဲနှင့် ဓမ္မစကြာတရားတော် ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

မိုင်းခတ် မေ ၄

ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ပထမအကြိမ် ညောင်ရေသွန်းလောင်းပွဲနှင့် ဓမ္မစကြာတရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီ အချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ မိုင်းခတ်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ဝတ်ရွတ်အဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ/ရပ်ဖတို့က စုရပ်ဖြစ်သော အမှတ်(၁)ရပ်ကွက်ရှိ ညောင်ပင်ဓမ္မာရုံမှတစ်ဆင့် မြို့နယ်အတွင်း ညီညာစွာ စီတန်းလှည့်လည်ကာ အဆိုပါစုရပ်ညောင်ပင်ဓမ္မာရုံမှ မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ခြင်း၊ ညောင်ရေသွန်းလောင်းအပြီးတွင် အချိုရည်များဝေငှပြီး ဝတ်ရွတ် အဖွဲ့များက ဓမ္မာရုံ၌ ဓမ္မစကြာတရားတော်အား ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)