ကျောက်ဆည်မြို့တွင် ကဆုန်ညောင်ရေသွန်းလောင်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကျောက်ဆည် မေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ဗုဒ္ဓဘာသာမြန်မာလူမျိုးများ၏ နေ့ထူးနေမြတ် ကဆုန်လပြည့်နေ့တွင် မြန်မာရိုးရာယဉ်ကျေးမှု အစဉ်အလာ တစ်ရပ်ဖြစ်သော ညောင်ရေသွန်းလောင်းပွဲတော်အား ယမန်နေ့ညနေ(၄)နာရီက ရွှေမောဌောဘုရားတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်ရေသွန်းလောင်းပွဲတော်တွင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဒေါ်သွဲ့ဝေလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ချယ်ရီနိုင်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ညောင်ရေသွန်းလောင်းအဖွဲ့ ပြည်သူများ စုပေါင်း၍ ရွှေမောဌောဘုရားဝင်းအတွင်းရှိ ဗောဓိညောင်ပင်အား ဗုဒ္ဓမြတ်စွာဘုရား အမှီပြု၍ ပွင့်တော်မူသည့် နေရာအဖြင့် ရည်မှန်းပြီး သာသနာတော်ကြီး သန့်ရှင်းစင်ကြယ်စွာ ရေရှည်တည်တံ့ခိုင်မြဲရေး ညောင်ရေသွန်းလောင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပြီး မြို့နယ်အတွင်းရှိ ဘုရားကျောင်းကန်၊ စေတီပုထိုးများတွင်လည်း မြန်မာ့ရိုးရာအစဉ် အလာများအား ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် ပြည်သူများစုပေါင်းပြီး ရေသပ္ပာယ်ခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ငါးလွှတ်ခြင်းများနှင့် စတုဒီသာကျွေးကုသိုလ်ပြုခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

သက်မောင်(ပြန်/ဆက်)