ကျောက်ဆည် မေ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် နွေရာသီ အားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ လူငယ်များ ကျန်းမာကြံ့ခိုင်ရေးနှင့် ထူးချွန်အားကစားသများ ပေါ်ထွန်းလာစေရေး ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် မေ(၄)ရက်နံနက်(၈)နာရီက အခြေခံကရာတေးသင်တန်း ဒုတိယအကြိမ် (အခမဲ့) ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် အခြေခံ အကြောလျှော့နည်း၊ လက်သီးထိုးနည်း၊ ခြေထောက်ထိုင်နည်း၊ ကာကွယ်နည်း၊ ရိုက်ခတ်နည်း၊ လက်သီးထိုးနည်း၊ ခြေကန်နည်းများ သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် ကရာတေး အားကစား ပြုလုပ်ခြင်းဖြင့် အရိုးနှင့်ကြွက်သားများသန်မာစေခြင်း၊ ကာယပို်ငး၊ ဉာဏပို်ငး၊ စိတ်ပိုင်းဆိုင်ရာများ တိုးတက်လာခြင်း၊ ကျန်းမာရေးနှင့်သက်ဆိုင်သည့် ရောဂါများဖြစ်စေနိုင်သည့် အခွင့်အလမ်းများ လျော့နည်းစေခြင်း၊ ကိုယ်အလေးချိန် ထိန်းချုပ်နိုင်သည့် နည်းလမ်းကောင်း တစ်ခုဖြစ်ခြင်း၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ခြင်း၊ အမောခံနိုင်ခြင်း၊ သက်လုံကောင်းခြင်း၊ ဦးနှောက်ကြည်လင်ခြင်း၊ ဉာဏ်ရည်ထက်မြတ်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိကြောင်း ကရာတေးနည်းပြ ဆရာမ ဒေါ်ထက်ထက်က ပြောပြသည်။
သင်တန်းသို့ ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်သား/ကျောင်းသူ (၂၅)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှ မေ(၄)ရက်နေ့မှ(၈)ရက်နေ့အထိ (၅)ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီ အားလပ်ရပ်များတွင် ကျောင်းသား/ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် Myanmar Fitness Dance သင်တန်း၊ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း၊ အခြေခံအင်္ဂလိပ်စာသင်တန်း၊ အေရိုးဗစ် သင်တန်း၊ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း၊ စာစီစာကုံးရေးသားနည်း သင်တန်းများအပြင် အခြေခံ ကွန်ပျူတာ သင်တန်းများ အခမဲ့ ဆက်လက်သင်ကြားဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ပြန်/ဆက်)