ပင်လောင်း မေ ၄
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ကျက်သဆောင် မွေတော်ဆုတောင်းပြည့်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်၊ ကဆုန်ညောင်ရေသွန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့တွင် ကျင်းပခဲ့သည်။
ပွဲတော်တွင် ပွဲလာဧည့်ပရိတ်သတ်များက ညောင်ရေသွန်းလောင်းခြင်းနှင့် ပင့်ဖိတ်ထားသော သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြသည်။ ယင်းနောက် လှူဒါန်းမှုအစုစုအတွက် ရေစက်ချတရားတော်နာအခမ်းအနား ဆက်လက်ကျင်းပရာ အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး တရားတော်နာ ပရိတ်သတ်များက ဩကာသကန်တော့ချိုးဖြင့် ရွတ်ဖတ်ပူဇော်ဘုရားကန်တော့ကြသည်။
ထိုနောက် ဆရာတော်များက ပရိတ်တရားတော်ချီးမြှင့်ပေးခဲ့ပြီး နန်းဟူးပရိယတ္တိစာသင်တိုက် ဆရာတော် ဥူးလာဘသာမိက တရားတော် အနုမောဒနာ ဟောကြားတော်မူခဲ့ပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်ချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းလိုက်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်