ကျောက်စိမ်းစေတီတော်ထီးတော်တင်လှူပွဲကျင်းပ

ရန်ကုန်  ဧပြီ  ၄

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်()ဝိုင်း၊ ကန်ဦးကျောင်းတိုက်ဝန်းအတွင်းရှိ ကျိုက်မရောဘုရားကြီးကျောင်းတိုက်တွင် တည်ထားကိုးကွယ်သည့် ကျောက်စိမ်းစေတီတော် ထီးတော်တင်လှူပွဲကို ယမန်နေ့(ကဆုန်လပြည့်နေ့)နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာနိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝါရိန္ဒဆရာတော်ဘုရားကြီး၏ဦးစီးမှုဖြင့် မတည်အလှူရှင်များဖြစ်ကြသည့် ဦးမောင်ထွန်းနှင့်ဇနီးသီရိသုဓမ္မသိင်္ဂီ ဒေါ်သန်းမြ၊ သီရိသုဓမ္မမဏိဇောတဓရ ဦးနိုင်အေး၊ ဇနီးဒေါ်နှင်းသက်ကျော်နိုင်နှင့် အလှူရှင်များက ထီးတော်နှင့်စိန်ဖူးတော်များကို တင်လှူပူဇော်ခဲ့ကြပြီး ရွှေမိုးငွေမိုးများရွာသွန်းခဲ့ကြသည်။

ထို့နောက်နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝါရိန္ဒဆရာတော်ဘုရားကြီးနှင့် သံဃာတော်များက ကျောက်စိမ်းစေတီတော်အား ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်းကို ဆောင်ရွက်ကြပြီး၊ အလှူရှင်နှင့်ကြွရောက်လာကြသည့် ဧည့်ပရိတ်သက်များက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဝါရိန္ဒဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေပြီးအခမ်းကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

အောင်မြင့်(ပြန်/ ဆက်)