ဇမ္ဗူသီရိ မေ ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက်၊ ဓာတုစယဓာတ် ပေါင်းစုစေတီ၌ (၁၃) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းလှူပူဇော်ခြင်းကို ယမန်နေ့ညနေပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါညောင်ရေသွန်းလောင်းပြည်သူများနှင့် ဘုရားဖူးပြည်သူများကို ဓာတုစယဓာတ်ပေါင်းစုစေတီ ဘုရားဂေါပကအဖွဲ့များက ထမင်း၊ ပဲကုလားဟင်း၊ အချဥ်သုတ်၊ ငရုတ်ကြော်၊ အအေး များအား စတုဒီသာအဖြစ် ကျွေးမွေးလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ကဆုန်လပြည့် ဗုဒ္ဓနေ့အဖြစ် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာယနေ့သည် ဘုရာ ဖြစ်မည့် ဗျာဒိတ်တော်ခံယူသည့်နေ့၊ ဖွားမြင်တော်မူသည့်နေ့၊ ဘုရားဖြစ်တော်မူသည့်နေ့၊ ပရိနိဗ္ဗာန်ပြုရာ နေ့ထူးနေ့မြတ်ဖြစ်သည့်အားလျော်စွာ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဘုရားပုထိုး၊ စေတီများ၌ ကဆုန်ညောင်ရေသွန်းလောင်းခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆပ်ကပ်လှူဒါန်း ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)