ဥတ္တရသီရိ မေ ၄
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက်အတွင်းရှိ မဟာဗောဓိညောင်ပင်များကို ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်းအား ယမန်နေ့ညနေပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူး ပြည့်ဖြိုးမင်း၊ အဖွဲ့ဝင်(၂) ဦးမျိုးချစ်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဝတ်ရွတ်အသင်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ကဆုန်ညောင်ရေသွန်းလောင်းခဲ့ကြပြီး ရွှေနံ့သာအမှတ်(၃)ရပ်ကွက် စန္ဒပဇ္ဇာတရာတရာမ ကျောင်းတိုက်ဆရာတော် အရှင်ဘဒ္ဒန္တစန္ဒါဇောတိထံမှ အနုမောဒနာတရား နာယူဆောက်တည်ခဲ့ကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှဝေပေးခဲ့ကြသည်။
ဆက်လက်၍ အမှတ်(၁)ရပ်ကွက် ဓမ္မရာဇာကျောင်းတိုက်အတွင်းရှိ မဟာဗောဓိညောင်ပင်အား ကဆုန်ညောင်ရေသွန်းလောင်းခဲ့ကြကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)