မံစီမြို့နယ်၏ ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မံစီ မေ ၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၏ ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို မေ ၂ ရက် နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က အဖွင့်အမှာစကားပြောကြားခဲ့ရာ မံစီမြို့နယ်၏ ဒေသန္တရ စီမံကိန်းရည်မှန်းချက်များကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မိမိတို့၏ ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်ကချမှတ်ထားသည့် စီးပွားရေး မူဝါဒနှင့် မဟာဗျူဟာများအပေါ် အခြေခံပြီး စီးပွားရေးမူဝါဒရည်မှန်းချက်များအတိုင်း အကောင် အထည် ဖော်ဆောင်ရွက်ရန်၊ ယခင်ဘဏ္ဍာရေးနှစ်များမှ အားနည်းချက် အားသာချက်များကို စိစစ် သုံးသပ်ပြီး မြို့နယ်၏ ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို ပြည့်မီ ကျော်လွန်အောင် ဝိုင်းဝန်းကြိုးပန်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး မြို့နယ် စီမံကိန်းဦးစီးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးမိုးနိုင်က ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီးနောက် မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌက ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များကို သက်ဆိုင်ရာဌာနများသို့ တာဝန်ပေး အပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ မံစီမြို့နယ်အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး(GDP)ကို (၂၀၁၅-၂၀၁၆ ခုနှစ် ပုံမှန်ဈေးနှုန်းများအရ) ကျပ်သန်းပေါင်း  (၅၆၁၆၁ ဒဿမ ၃)၊ တိုးတက်မှုရာခိုင်နှုန်း (၂ ဒဿမ ၈) ရာခိုင်နှုန်းအထိ ရရှိအောင်  အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံကိန်းဦးစီးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)