ထန်းတပင်မြို့နယ်၌(၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးသတိမူရေးအသိပညာပေးဗီနိုင်းပိုစတာဆိုင်းဘုတ်တင်

ထန်းတပင်(ရန်ကုန်) မေ ၄

မေလ()ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတိမူရေး အသိပညာပေးဗီနိုင်း ပိုစတာဆိုင်းဘုတ်တင်ခြင်းကို ယမန်နေ့၊ မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အသိပညာပေး ဗီနိုင်းပိုစတာဆိုင်းဘုတ်စိုက်ထူရာတွင်လည်း ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးမိုးမင်းအောင် ဦးဆောင်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်မီးသတ်စခန်းရှေ့တွင် အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူခြင်းနှင့်ရောင်စုံအလံများစိုက်ထူခြင်းကိုဆောင်ရွက်ခဲ့ကြသည်။

ထန်းတပင်မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးလောင်မှုမဖြစ်ပွားစေရေး၊ ပြည်သူလူထု မီးဘေးလုံခြုံရေးနှင့်အသိပညာပြန်ပွားရေးကိုဆောင်ရွက်လျက်ရှိကာ မီးဘေးအန္တရာယ်ကြိုတင်ကာ ကွယ်နိုင်စေရေးအတွက်လည်း မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ် နည်းစနစ်များပြသခြင်းကို ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား အသိပညာပေး ဆောင်ရွက်လျက်ရှိ ကြောင်းလည်းသိရပြီး မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာ ပါကလည်း အချိန်နှင့်တပြေးညီ တုန့်ပြန်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များကို အသင့်စုဖွဲ့ဆောင်ရွက်ထားရှိ ကြောင်းလည်းမြို့နယ်မီးသတ် ဦးစီးမှူး ဦးမိုးမင်းအောင်ထံမှ သိရသည်။

ဇင်မင်းထိုက်(ပြန်/ ဆက်)