ဗဟန်း မေ ၄
နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းကာ Physical Fitness Dance ပြိုင်ပွဲကို ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယနေ့၊ ညနေ ၃ နာရီ က ကျင်းပသည်။
ရှေးဦးစွာ ပြန်/ ဆက်ဦးစီးဌာန၊ အနောက်ပိုင်းခရိုင်မှူးက ပြိုင်ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
Physical Fitness Dance ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၁၀)ဦးတို့ပါဝင်ယှဥ်ပြိုင်ကြပြီး ဆုရရှိသည့်ကျောင်းသား/ သူများကို ခရိုင်ပြန်/ ဆက်ဦးစီးမှူး နှင့် တာဝန်ရှိသူများကဆုများ အသီးသီးချီးမြှင့်ပေး အပ်ခဲ့ကြောင်း သိရသည်။
စန္ဒာမိုး (ပြန်/ ဆက်)