တံတားဦး မေ ၄
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓနေ့ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကို ယမန်နေ့ ညနေ(၄)နာရီက တံတားဦးမြို့နယ် ဥတည်ကျေးရွာ အုပ်စု အပ်ချုပ်တန်းရပ် မဟာမြတ်မုနိ ဂုတော်သစ် ဘုရားအတွင်းတွင် တည်ရှိသော မဟာဗောဓိညောင်ပင်၌ ကျင်းပကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းအဖွဲဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များများက မဟာဗောဓိညောင်ပင်၌ တည်ထား ကိုးကွယ်တော်မူသော ဘရားဆင်းတုတော်များအား ရေသပ္ပာယ်ပူဇော်ခြင်း ၊ မဟာဗောဓိညောင်ပင်အား ရေသွန်းလောင်းပူဇော်ခြင်း ပြုလုပ်ကြပြီး စေတီတော်ရင်ပြင်နှင့် ဘုရားစောင်းတန်းတို့၌ သစ်ပင်ခြုံနွယ်များ ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းတို့ကို စုပါင်းဆောင်ရွက်ကြကြောင်း သိရသည်။
ဦးရဲတင့် (ပြန်/ဆက်)