အမ်း မေ ၄
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်းမြို့၌ ၁၃၈၅ ခု၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့) ယနေ့ညနေ ၄ နာရီအချိန်တွင် မဟာဗောဓိရွှေညောင်ပင်အား ပရိဘောဂစေတီ အဖြစ်သတ်မှတ်ပြီး၊ ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင် စံဝင်နိဗ္ဗာန်နန်းဆိုသည့်အတိုင်း ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကို ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကာလေယာဥ်ကွင်းရပ်ကွက်မှပူးပေါင်းဆောင်ရွက်မှုဖြင့် လေယာဥ်ကွင်းရပ်ကွက်အဘ ယမုနိလေးမျက်နှာစေတီအတွင်းရှိမဟာ ဗောဓိပင်၌ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ကဆုန်ညောင်ရေသွန်းပွဲတော်သို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲဝင်(၁)ဒုတိယဗိုလ်မှူးကြီး မောင်မောင်ခိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ဓမ္မပူဇာဝတ်ရွက်အသင်းများနှင့် လေယာဥ်ကွင်းရပ်ကွက်မှ ပြည်သူများက ရပ်ကွက်အတွင်းလှည့်လည်၍ အဘယမုနိလေးမျက်နှာစေတီတော်ရင်ပြင်၌ အမ်းမြို့ပေါ်ရှိကျောင်း တိုက်များမှဆရာတော် (၇)ပါးအားပင့်ဖိတ်၍ မြို့နယ်ဩဝါဒါ စရိယ သက်တော်ရှည် ဘန်းတောင်ကျောင်းဆရာတော်ထံ၌ငါးပါးသီ လခံယူဆောက်တည်ကာ ဆရာတော်အရှင်သူမြတ်များကပရိတ် တရားဒေသနာတော်အားရွတ်ပွားပြီး၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသူတို့က ဖွား၊ ပွင့်၊ ဟောစံ၊ ဗျာဒိတ်ခံ စံဝင်နိဗ္ဗာန်နန်းဆိုသည့်အတိုင်း မဟာဗောဓိရွှေ ညောင်ပင်အား ပရိဘောဂစေတီ အဖြစ်သတ်မှတ်ပြီး၊ ဗုဒ္ဓမြတ်စွာ ဘုရားရှင်အားရည်စူး၍ ဝတ်အသင်းများမှသက်ဆိုင်ရာ နေရာအလိုက်ဓမ္မပူဇာဝတ်ရွက်စဥ် များရွတ်ဆိုကာခရိုင် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများပြည်သူများက အမွှေးနံ့သာရည်တို့ဖြင့် ကဆုန်ညောင်ရေများစုပေါင်းသွန်း လောင်းပူ ဇော်ကုသိုလ်ယူ၍ စတုဒီသာဧည့်ခံကျွေးမွေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)