လယ်ဝေး မေ ၄
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့၊ အေလာ၊ မြို့သစ်ကျောင်း၌ တည်ထားကိုးကွယ်သည့် အောင်သိဒ္ဓိဓာတ်ပေါင်းစုစေတီတော်အား အထက်ဌာပနာတော်သွင်း ရွှေထီးတော်တင်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီက ကျင်းပရာ အေလာမြို့၊ သရက်တောပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တကုမာရ (အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇနဟိတရ၊ မြို့နယ်သံဃာနာယကဥက္ကဋ္ဌ)၊ ဓမ္မရက္ခိတကျောင်းထိုင် ဆရာတော်ဘဒ္ဒန္တဝိမလ အမှူးရှိသော သံဃာတော် ၁၇ ပါးကြွရောက်တော်မူသည်။
မ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုရဲချုပ် (၁) ရဲဗိုလ်ချုပ် အောင်အောင်၊ ရေနံမြေရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှရီ၊ နေပြည်တော်တိုင်း ဒုရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသိန်းဦး၊ လယ်ဝေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးခင်ဇော်၊ ဥတ္တရခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး စံသူ၊ လယ်ဝေးမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး မိုးကျော်သူနှင့် အလှူရှင်များ ပရိတ်သတ်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွက်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ဓမ္မရက္ခိတကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဝိမလထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်သည်။ ထို့နောက် ဥပါသကာများမှ ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို သံဃာတော်များထံ ဆက်ကပ်ပြီး မေတ္တာသုတ်တရားတော်များကို နာယူကာ ဘုရား ဒါယကာ၊ ဒါယိကာမတို့က ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့် များကို ဆရာတော်၊ သံဃာတော်များထံ ဆက်ကပ်သည်။ ဆက်လက်၍ အေလာမြို့၊ သရက် တောပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တကုမာရ (အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇနဟိတရ၊ မြို့နယ်သံဃာနာယက ဥက္ကဋ္ဌ) မထေရ်မြတ်ထံမှ အနု မောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေသည်။
ထို့နောက် ဒါယကာ၊ ဒါယိကာမများမှ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံဆင့်များကို တင်လှူပူဇော်ပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)